ရောမသားတွေနဲ့ မီလန်သားတွေအားပြိုင်မယ့်ပွဲ...အယ်ဒီတာ့အာဘော်

Posted on: 2021-01-10

478 Views

အားကစား , အယ်ဒီတာ့အာဘော်

ဒီညမှာတော့ လာလီဂါပွဲတွေကို မသုံးသပ်တော့ဘဲ ပွဲကောင်းတွေပိုများတဲ့ စီးရီးအေပွဲကို ဆွေးနွေးသုံးသပ်ပေးထားပါတယ်။ ဒီညမှာ စီးရီးအေပွဲကြီးပွဲကောင်းအဖြစ် ညနေ ၆နာရီမှာ ရိုးမားနဲ့ အင်တာမီလန်တို့ အားပြိုင်ရမှာဖြစ်ပြီး စနေညမှာ ထိပ်ဆုံးကဦးဆောင်သူ အေစီမီလန်အသင်း အနိုင်ရသွားလို့ ဒီညပွဲက ပိုမိုအရေးပါလာပါတယ်။ ပြီးတော့ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်ကရော အိမ်ကွင်းမှာ နိုင်ပွဲဆက်နိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ စီးရီးအေပွဲစဉ်(၁၇) ========= ရိုးမား - အင်တာ (ညနေ ၆း၀၀) ပါးမား - လာဇီယို (ည ၈း၃၀) အူဒီးနီးစ် - နာပိုလီ (ည ၈း၃၀) ဗီရိုနာ - ခရိုတိုနီ (ည ၈း၃၀) ဖီအိုရင်တီးနား - ကက်ဂလီယာရီ (ည ၁၁း၃၀) ဂျူဗင်တပ်စ် - ဆက်ဆူအိုလို (နံနက် ၂း၁၅)

Director : -

Actors : -

ဗွီဒီယိုများ