You are currently offline. Check your connection.
ဘယ်လ်ဂျီယံက အစဉ်အလာ၊ စုဖွဲ့မှုသာသလို ရုရှားမှာလည်း အိမ်ရှင်အားသာချက်ရှိတယ်...ပွဲကြိုခန့်မှန်းချက်
584 Views
11th Jun, 2021
မနေ့ညက ယူရို ၂၀၂၀ ပြိုင်ပွဲအဖွင့်ပွဲအဖြစ် တူရကီနဲ့ အီတလီတို့ ရင်ဆိုင်ခဲ့ပြီးနောက် ဒီညမှာတော့ ပုံမှန်အတိုင်း ၃ပွဲကျင်းပမှာဖြစ်ပါတယ်။ ၃ပွဲစလုံးက သူ့အတိုင်းအတာနဲ့သူ စိတ်ဝင်စားစရာကောင်းတာမှန်ပေမယ့် နောက်ဆုံးပွဲဖြစ်တဲ့ ဘယ်လ်ဂျီယံ - ရုရှားပွဲကတော့ စိတ်ဝင်စားစရာအကောင်းဆုံးပါ။ ဘယ်လ်ဂျီယံက အစဉ်အလာပိုင်းနဲ့ ကစားသမားစုဖွဲ့မှုအပိုင်းမှာ ရုရှားထက် အသာရနေပေမယ့် ဒီပွဲကို စိန့်ပီတာစဘတ်မှာ ကျင်းပမှာဖြစ်လို့ ရုရှားမှာလည်း အိမ်ရှင်အားသာချက်အပြည့်ရှိနေပါတယ်။ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘယ်လ်ဂျီယံအသင်း မျှော်လင့်ထားသလို အမှတ်ပြည့်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။
ယူရို ၂၀၂၀ အုပ်စုပွဲစဉ်များ
===============
ဝေးလ် - ဆွစ်ဇာလန် (ည ရး၃၀)
ဒိန်းမတ် - ဖင်လန် (ည ၁၀း၃၀)
ဘယ်လ်ဂျီယံ - ရုရှား (နံနက် ၁း၃၀)