You are currently offline. Check your connection.
တော့တင်ဟမ်နဲ့ပွဲက ခြေချော်မှုကို ဂျရတ်ရဲ့ ဗီလာနဲ့ အတွေ့မှာ လီဗာပူး ပြန်လည်ကုစားနိုင်မလား
431 Views
9th May, 2022
လီဗာပူးတို့ တော့တင်ဟမ်ကို အန်ဖီးလ်မှာ ၁ဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီးနောက် မန်စီးတီးက နယူးကာဆယ်ကို ဂိုးပြတ်နိုင်သွားလို့ ၃မှတ်ပြတ်သွားခဲ့ပါတယ်။ ဒါကြောင့် ယနေ့ည ဂန္တဝင်ဟောင်း ဂျရတ် ကိုင်တွယ်နေတဲ့ ဗီလာကို အဝေးကွင်းမှာ လီဗာပူးတို့ ဘယ်လိုရင်ဆိုင် ကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ယမန်နှစ်ရာသီက ဗီလာကွင်းမှာ ကစားခဲ့စဉ် ၇-၂ဂိုးနဲ့ရှုံးထားတဲ့ လီဗာပူးတို့ ယနေ့ညပွဲမှာ မှတ်တမ်းဆိုးကို ချေဖျက်ပြီး ဇယားထိပ်ပြန်တက်နိုင်မလားဆိုတာ ဘောလုံးစတားအယ်ဒီတာတွေက ပွဲကြိုခန့်မှန်းချက်အဖြစ် တင်ဆက်ပေးထားပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)ပွဲကျန်
အက်စတွန်ဗီလာ - လီဗာပူး (နံနက် ၁း၃၀)