You are currently offline. Check your connection.
တတိယမြောက်ဆီမီးဖိုင်နယ်မှာ ဆီဗီလာကို ယူနိုက်တက် ကျော်ဖြတ်နိုင်မလား. .. ယူရိုပါလိဂ်ဆီမီးဖိုင်နယ်
587 Views
15th Aug, 2020
ဒီညမှာတော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမနေ့ပွဲစဉ်အဖြစ် နာမည်ကြီး ယူနိုက်တက်နဲ့ ဆီဗီလာတို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်က ၂၀၁၇ ကမှ ပူပူနွေးနွေးယူရိုပါလိဂ်ချန်ပီယံဖြစ်ထားတာဖြစ်သလို ဆီဗီလာကလည်း ယူရိုပါလိဂ်နဲ့ လမိုင်းကပ်တဲ့အသင်းအဖြစ် လူသိများပါတယ်။ နောက်ပြီး နှစ်သင်းစလုံးရဲ့တူညီတဲ့အချက်ကလည်း ဂိုးအောက်ကစားတာအားသန်တဲ့အချက်ဖြစ်ပြီး ဆီဗီလာက ယူရိုပါလိဂ်နောက်ဆုံး ၆ပွဲဆက်ပေးဂိုးမရှိကစားထားသလို ယူနိုက်တက်ကလည်း ယခုရာသီ ယူရိုပါလိဂ် ၁၁ပွဲအနက် ၈ပွဲအထိ Clean Sheets ရယူထားပါတယ်။ ဂိုးပေါင်းကြေးဖွင့်လှစ်မှုကလည်း မူလဖွင့်လှစ်မှု ၂-၃၀ ကနေ ၂-၂၀ ဖြစ်လာပြီး ပိုသိသာတာက ဝင်ရိုး ၂.၂၅ ကနေ ၂ ဖြစ်လာတာပါ။ ကြေးပြောင်း၊ ဝင်ရိုးပြောင်းသွားတာအပြင် လက်ရှိအခြေအနေအရလည်း ဂိုးအောက်က ထိုးသားအကြိုက်များတဲ့ တစ်ခြမ်းစောင်းအကွက်ဖြစ်လာနိုင်ပါတယ်။ ကြေးပြောင်းသွားပုံအရ ဂိုးအောက်ကောင်းတာမှန်ပေမယ့် ထိုးသားတွေ တစ်ခြမ်းစောင်းလာနိုင်တဲ့အကွက်လည်းဖြစ်လို့ ဒိုင်တွေရဲ့ လှည့်ကွက်ကို အထူးသတိထားသင့်ပါတယ်။ ဒီလိုကြေးအနေအထားတွေအပြင် အသင်းတွေရဲ့လက်ရှိခြေစွမ်း၊ ဖြစ်နိုင်ဖွယ်လူစာရင်းတွေကို ဘောလုံးစတားရဲ့အယ်ဒီတာတွေက ဆွေးနွေးသုံးသပ်ထားပါတယ်။
ယူရိုပါလိဂ်ဆီမီးဖိုင်နယ် (ပထမနေ့)
-----------------------------------------
ဆီဗီလာ - ယူနိုက်တက် (နံနက် ၁း၃၀)