You are currently offline. Check your connection.

ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားကြီး၏ အံ့သြဖွယ် ၁၈ ပါး
499 Views
18th Mar, 2022
မော်တင်စွန်းဘုရားဟာ မြန်မာလူမျိုးများ၏ စိတ်ဘဝင်ကို ညှို့ယူ ဆွဲဆောင်နိုင်သော နေရာများထဲတွင် တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ မြန်မာဘုရားဖူးများသာမက ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်လှည့်လည်နေကျဘုရားတစ်ဆူလဲ ဖြစ်ပါတယ်။ ဗိသုကာပညာရပ်ကို စိတ်ဝင်စားမှု ကြီးမားသူများအနေဖြင့် မော်တင်စွန်းဘုရား ကိုသွားရောက်လည်ပတ်သင့်ပါတယ်။နှစ်စဉ်ဘုရား ပွဲတော်ကိုလည်း ထူးခြားထည်ဝါစွာ ကျင်းပလျက်ရှိပါတယ်။ ဘုရားပွဲ သို့သွားရောက် ဖူးမြော်ခြင်းဖြင့် ပုသိမ်မြစ်ရဲ့ ကပ္ပလီပင်လယ်အတွင်း ပေါင်းစည်းစီးဝင်သွားပုံနှင့် ထိုမှတဆင့်မော်တင်စွန်း အငူကိုလည်း ထင်ရှားစွာတွေ့ မြင်ရမှာ ဖြစ်ပါတယ်။