You are currently offline. Check your connection.

ပရီးမီးယားလိဂ်မန်နေဂျာတွေ ဝတ်ဆင်တဲ့ တန်ဖိုးကြီးနာရီများအကြောင်း
406 Views
6th Jul, 2022
ကစားသမားတွေလိုဘဲ ထိပ်တန်းနည်းပြတွေမှာလည်း သူတို့နှစ်သက်တဲ့ ပစ္စည်းတွေ ဝယ်သုံးကြပါတယ်။ အဲဒီထဲကမှ တန်ဖိုးကြီးနာရီတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နည်းပြတွေဟာ စည်းကြပ်လိုင်းမှာ ကစားသမားတွေကို ညွန်ကြားအော်ဟစ်ရင်း တန်ဖိုးကြီးနာရီတွေ ဝတ်ဆင်ထားမှုကို မီဒီယာများက အသေအချာမှတ်တမ်းတင်ထားခဲ့ပါတယ်။ နည်းပြတွေဆိုတာလည်း ဘောလုံးပွဲချိန်အတွင်း အချိန်အတိအကျသိရှိရဖို့က အရေးကြီးတာဖြစ်တဲ့အတွက် အကောင်းတကာအကောင်းဆုံး နာရီတွေကိုဘဲ ရွေးချယ်ဝတ်ဆင်ကြပါတယ်။ The Sun ရဲ့ ဖော်ပြမှုအရ ပရီးမီးယားလိဂ်နည်းပြတွေကြားမှာ ဘယ်သူတွေက ဘယ်လိုမျိုး တန်ဖိုးကြီး နာရီတွေကို ဝတ်ဆင်ထားကြလဲဆိုတာ ကြည့်ကြည့်ရအောင်လား။