You are currently offline. Check your connection.

စပါးလင်နံ့သင်းသင်း ငါးဖယ်ရေချိုဟင်း ချက်နည်း 🐟🐟🥰🥰
556 Views
24th Dec, 2021
Star Channel ပရိသတ်တွေ အားလုံး မင်္ဂလာပါရှင်။ ဒီတစ်ပတ်အတွက် Star Kitchen အစီအစဉ်ရဲ့ တင်ဆက်ပေးမယ့် ဟင်းလျာကတော့ "ငါးဖယ်ရေချိုဟင်း" ဖြစ်ပါတယ်။ ငါးဖယ်ကို ဟင်းချက်ရာ၌ အများအားဖြင့် အသားကိုခြစ်၍ ငါးဆုပ်လုပ်ကာ ဟင်းလျာအဖြစ် ချက်လေ့ရှိကြပါတယ်။ အကြောင်းမှာ ငါးဖယ်သည် အရိုး များတဲ့ ငါးဖြစ်ခြင်းကြောင့်ပါ သို့ရာတွင် မြစ်ချောင်းပေါများသော ဧရာဝတီနှင့် ပဲခူးတိုင်းဒေသ ဘက်များ၌ ငါးဖယ်ကို ထုထောင်းကာ တုံးတစ်ပြီး စပါးလင်ခတ်၍ ငါးဖယ်ရေချိုဟင်း ချက်လေ့ရှိကြပါတယ်။ အရသာချိုချို၊ စပါးလင်နံ့သင်းသင်း ငါးဖယ်ရေချိုဟင်း ချက်နည်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။