You are currently offline. Check your connection.
မန်ချက်စတာမှာအချောကိုင်ခဲ့တဲ့ ဘာစီလိုနာကျောက်ရိုင်းတစ်ပွင့် (သို့မဟုတ်) ဂျရတ်ပီကေး
657 Views
3rd Jun, 2020
ဂျရတ်ပီကေးဟာ စပိန်လက်ရွေးစင် ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၀ ဖီဖာကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၁၂ တို့ကို ရရှိခဲ့တဲ့ စပိန်အသင်းမှာ ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင် အသင်းတွေရဲ့ အဓိကနောက်ခံလူတစ်ဦးဖြစ်သလို ချန်ပီယံလိဂ်ကိုလည်း ၂ နှစ်ဆက်တိုက် မတူညီတဲ့ အသင်းတွေနဲ့ ရရှိခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ ပီကေးအပါအဝင် ချန်ပီယံလိဂ်ကိုမတူညီတဲ့ အသင်းတွေနဲ့ ဆက်တိုက်ရယူနိုင်ခဲ့သူတွေကတော့ မာဆယ်ဒက်ဆယ်လီ၊ ပေါ်လိုဆိုဆာနဲ့ ဆမ်မြူရယ်အီတူးတို့ပဲ ဖြစ်ပါတယ်။