You are currently offline. Check your connection.
ပြောင်းဖူးက ရရှိတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးအာနိသင်များ
741 Views
22nd Aug, 2021
“ပဝါခြုံလုံပါပေ့၊ ဆံမြိတ်ချလှပါပေ့၊ ကျောက်တန်းစီညီပါပေ့” ဟု အမည်ရတဲ့ ပြောင်းဖူးကို သကြားပြောင်း။ ထောပတ်ပြောင်း၊ ပလို့ပြောင်းနှင့် အနီရောင်ရှမ်းပြောင်း ဆိုပြီးတွေ့ရကာ ယေဘုယျအားဖြင့် အဝါမျိုးဟာ အချိုဓာတ်ကဲပြီး အနီမျိုးကတော့ အရသာဆိမ့်ပါတယ်။ လူကြီး၊ လူငယ်မရွေး နှစ်ခြိုက်စွာစားသုံးကြတဲ့ ပြောင်းဖူးဟာ အရသာရှိတဲ့အပြင် ခန္ဓာကိုယ် အတွက်လိုအပ်သော ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ပြောင်းဖူးကိုကျန်းမာရေးလိုအပ်ချက်တစ်ခုအနေနဲ့ စားသုံးပေးသင့်ပါတယ်။ ပြောင်းဖူးစားသုံးခြင်းဖြင့် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးကို ရရှိနိုင်လဲဆိုတာလေ့လာလိုက်ကြရအောင်။