You are currently offline. Check your connection.

Super Vegetable လို့တင်စားခေါ်ဝေါ်ခံရတဲ့ ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေးကောင်းကျိုးများ
596 Views
31st May, 2021
ဂေါ်ဖီမျိုးနွယ်ဝင် ပန်းဂေါ်ဖီစိမ်း (ခေါ်) ဘရိုကိုလီရဲ့ ဇာတ်မြစ်ဒေသမှာ အီတလီနိုင်ငံဟု ဆိုသော်လည်း ၊ ယခုအခါမှာတော့ တစ်ကမ္ဘာလုံးစားသုံးနေတဲ့ အစားအစာ ဟင်းသီးဟင်းရွက် ဖြစ်နေပါပြီ။ အတန်ငယ် အရသာ သက်ကာ ၎င်းနှင့် မျိုးနွယ်တူ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဖြူ တို့ထက် ပိုနူးညံ့ပြီး အရသာလည်း ပိုကောင်းတာမို့ ပန်းဂေါ်ဖီစိမ်းကို Super Vegetable လို့ ဆိုကြပါတယ်။ ကမ္ဘာပေါ်တွင် ဆေးဘက်ဝင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးပေါင်း စုံလင်စွာ ရှိကြတဲ့အနက်၊ ပန်းဂေါ်ဖီစိမ်းကို နံပါတ်တစ် ကင်ဆာရောဂါ ကာကွယ်နိုင်သော အစားအစာဖြစ်ကြောင်း အမေရိကန် အမျိုးသား ကင်ဆာဌာနကြီးမှ အတည်ပြုသတ်မှတ်ခဲ့ကြပါတယ်။