You are currently offline. Check your connection.
ဟန်ဒါဆန်ပြောပြလာတဲ့ လီဗာပူးအသင်း အောင်မြင်မှုကို ဖြစ်တည်စေခဲ့တဲ့ အခိုက်အတန့်တစ်ခုအကြောင်း
447 Views
26th Jun, 2022
ဂျာမန်လူမျိုး နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးကို အသွင်ပြောင်းပေးနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့ အခိုက်အတန့်တစ်ခုအကြောင်းကို လီဗာပူးကပ္ပတိန် ဟန်ဒါဆင်က အတိအကျထုတ်ပြောလာခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲမှာ အူနိုင်းအမ်မရီရဲ့ ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့ပြီးချိန်မှာ လီဗာပူးတစ်သင်းလုံး ဆွစ်ဇာလန်ဟိုတယ်ရဲ့ ဘားဆီ တန်းတန်းလျှောက်လာခဲ့ကြပါတယ်။ ဒီဗိုလ်လုပွဲအရှုံးနောက်ပိုင်းမှာ ကလော့ပ်ရဲ့ အပြုအမူတွေက လီဗာပူးကို ကမ္ဘာ့ချန်ပီယံအဆင့်အထိ ပြောင်းလဲပေးနိုင်တော့မယ်လို့ ဟန်ဒါဆန်က သိနေခဲ့ပါတယ်။