You are currently offline. Check your connection.

ဇနီးဟောင်းရဲ့တူမလေးကြောင့် ကလေးအဖေထပ်ဖြစ်ဦးမယ့် ဟော့ခ်
936 Views
15th Oct, 2021
ဘရာဇီးတိုက်စစ်မှူး ဟော့ခ်ဟာ ကလေးအဖေထပ်ဖြစ်ဦးမှာဖြစ်ပြီး ဒီတစ်ခါတော့ သူ့ဇနီးဟောင်းရဲ့ တူမလေးက သူ့အတွက် ကလေးလေး မွေးဖွားပေးတော့မှာဖြစ်ပါတယ်။ အသက် ၃၅နှစ်အရွယ်ရှိ ရှန်ဟိုင်း SIPG တိုက်စစ်မှူးဟောင်း ဟော့ခ်ဟာ တရုတ်မှာကစားခဲ့တုန်းက တစ်နှစ်လုပ်ခလေစာ ပေါင် ၁၆.၆သန်းအထိရရှိခဲ့ပြီး သူ့ဇနီးဖြစ်သူ ကာမီလာက သူ့အတွက် စတုတ္ထမြောက်ရင်သွေးလေး မွေးဖွားပေးတော့မယ်လို့ သူ့ရဲ့အင်စတာဂရမ်ကနေ ကြေညာခဲ့ပါတယ်။