You are currently offline. Check your connection.
နဂါးမင်းသားဖန်ဆင်းရာ အိုင် (သို့) အင်းတော်ကြီး အိုင်
645 Views
30th Sep, 2020
မြန်မာနိုင်ငံ၏ အကြီးဆုံးအိုင်ဖြစ်သော အင်းတော်ကြီးအိုင်သည် နတ်နဂါးများ လာရောက်အင်းဖွဲ့ပြီးဖြစ်လာကြောင်း ရာဇဝင်သမိုင်းများက ဆိုကြပါတယ်။ နတ်နဂါးမင်းသည် အင်းဖွဲ့မည့်အကြောင်းကို ခုနှစ်ရက်ခုနှစ်လီကြေညာသော်လည်း ကျားတစ်ပိုင်းလူတစ်ပိုင်း မှော်လခေါင်လူမျိုးများကမကြားဘဲ ဗုဒ္စကိုးကွယ်သည့် မုဆိုးမကြီးဒေါ်မှုံတစ်ယောက်ထဲသာ ကြားသည့်အတွက် အင်းဖွဲ့သည့်အချိန် မုဆိုးမနှင့်၎င်း၏ ကျွဲနှစ်ကောင်သာ လွတ်မြောက်သည်ဟု ရာဇဝင်တွင် ဖော်ပြထားသည်။ ထို့ကြောင့် အင်းတော်ကြီးဘုရား လာဖူးလျှင် မုဆိုးမဒေါ်မှုံ တည်ခဲ့သော မုဆိုးမဘုရားမှာ မဖူးမဖြစ် ဖူးကြပါတယ်။