You are currently offline. Check your connection.
ယနေ့ခေတ် လူတိုင်း အသုံးပြုနေကြတဲ့ အင်တာနက်ကို ဘယ်သူ တီထွင်ခဲ့တာလဲ
594 Views
31st May, 2021
အင်တာနက်ဆိုတာကတော့ Ineternet Protocol (TCP/IP)ကို အသုံးပြုကာ ကွန်ပျူတာ ကွန်ယက်များ ချိတ်ဆက်ပြီး သန်းထောင်နဲ့ ချီတဲ့ ဝန်ဆောင်မှုတွေနဲ့ ကမ္ဘာ့အနှံ့ ချိတ်ဆက်ထားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အင်တာနက်ကို လူမှုဆက်ဆံရေး၊ လှုပ်ရှားမှုတွေနဲ့ စည်းရုံးဆောင်ရွက်မှုတွေမှာ အများဆုံးသုံးပါတယ်။ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ မိုင်စပေ့စ်တို့ကို ကွန်ယက် ဝက်ဘ်ဆိုက်တွေ ပေါင်းဆက်ဖို့နဲ့ အပြန်အလှန်ဆက်သွယ်ဖို့ တီထွင်ဖန်တီးခဲ့ပါတယ်။ Linkedlnလို ဆိုက်တွေက စီးပွားရေး ဆက်သွယ်မှုတွေအတွက် ထောင်ထားတာ ဖြစ်ပြီး ယူကျူ့နဲ့ ဖလစ်ကာတို့ကတော့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေအတွက် အသုံးပြုကြပါတယ်။