You are currently offline. Check your connection.

၅၇ နှစ်ပြည့် မွေးနေ့ရှင် John Wick မင်းသားကြီး ကီနူးရိဗ်
727 Views
1st Sep, 2021
ဒီနေ့ကတော့ John Wick မင်းသားကြီး ကီနူးရိဗ်( Keanu Reeves) ရဲ့ ၅၇ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ မင်းသားကီနူးရိဗ်ဟာ ကနေဒါလူမျိုးတစ်ဦးဖြစ်ပြီး ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၂ ရက် လက်ဘနွန်နိုင်ငံ Beirut မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကီနူးရိဗ်ဟာ မင်းသားမဖြစ်ခင်က ဟော်ကီကစားရာမှာ အလွန်ထူးချွန်သူဖြစ်ပြီး ကနေဒါနိုင်ငံ ကိုယ်စားပြုဟော်ကီအသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာတောင်ဝင်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် သူ့ရဲ့အိပ်မက်တွေကို ရပ်တန့်လိုက်ရပါတယ်။