You are currently offline. Check your connection.
အောက်ခြေကနေ ကိုယ့်လမ်းကိုယ်ဖောက်ပြီး အောင်မြင်လာတဲ့ Business Proposal မင်းသမီးလေး ကင်ဆယ်ဂျောင်း
487 Views
8th May, 2022
ဒီတစ်ပတ်အတွက် ဆယ်လီဝေါအစီအစဉ်ကနေ တင်ဆက်ပေးသွားမယ့် ဆယ်လီကတော့ လက်ရှိပြသနေတဲ့ Bussiness Proposal ဇာတ်ကားထဲက မင်းသမီးကင်ဆယ်ဂျောင်းရဲ့ အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။ ကင်ဆယ်ဂျောင်းက နာမည်အရင်းဖြစ်ပြီးတော့ ၁၉၉၆ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့လို့ အသက် ၂၅ နှစ်ရှိပါပြီ။ မြောက်ပိုင်းဂျော်လာပြည်နယ် ဂျင်ဂျီမြို့မှာ မွေးဖွားခဲ့ပေမယ့် အမေရယ် အကိုရယ်နဲ့အတူ အဒေါ်အိမ်ရှိရာ ဂယွန်းဂီပြည်နယ် အန်ယန်းမြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။