You are currently offline. Check your connection.
၃၁ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ F4 မင်းသမီးလေး ကင်ဆိုအွန်း
672 Views
5th Sep, 2020
ဒီနေ့ကတော့ တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲ အအောင်မြင်ဆုံး ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ Boys Over Flowers (F4 ချစ်သူ) ထဲက ချူဂါအူးလ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး ကင်ဆိုအွန်းရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဘာလိုလိုနဲ့ ချစ်စရာကောင်းတဲ့ ဂါအူးလ်ဆိုတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ကင်ဆိုအွန်းတောင် အသက် ၃၁ နှစ်ပြည့်သွားခဲ့ပြီနော်။ မွေးနေ့မှာ ချစ်သူ ခင်သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေလို့ စတားချန်နယ်မိသားစုက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။