You are currently offline. Check your connection.
မိန်းကလေးတိုင်းကြွေရတဲ့ မင်းသားချော Lee Dong Wook ရဲ့ ၄၁ နှစ်ပြည့် မွေးနေ့
327 Views
5th Nov, 2022
ဒီနေ့ကတော့ မိန်းကလေးတွေရဲ့ အသည်းစွဲ ဦး တစ်ယောက်ဖြစ်တဲ့ မင်းသားလီဒုန်ဝုရဲ့ ၄၁ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လီဒုန်ဝုကို ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဆိုးလ်မြို့ဇာတိပဲ ဖြစ်ပါတယ်။ လီဒုန်ဝုအပြင် Exo အဖွဲ့ဝင်ဟောင်း Chris Wu၊ After ရုပ်ရှင်တွေရဲ့ အဓိကမင်းသား Hero Fiennes Tiffin ၊ Amazing Spider Man မင်းသမီး Emma Stone တို့ဟာလည်း ဒီနေ့မှာမွေးဖွားခဲ့ကြတာ ဖြစ်ပါတယ်။ လီဒုန်ဝုနဲ့အတူ တစ်နေ့တည်းမှာ မွေးဖွားခဲ့ကြတဲ့ ကမ္ဘာကျော်ကြယ်ပွင့်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အနုပညာအလုပ်တွေမှာလည်း ပိုမိုအောင်မြင်မှု ရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။