You are currently offline. Check your connection.
မြူးနစ်ကနေ လီဗာပူးရောက်လာတဲ့ စပိန်ဟိုတယ်ပိုင်ရှင်မလေး
560 Views
11th Oct, 2020
နီညိုရောင်ဆံသားပျော့ပျော့စင်းစင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဂျူလီယာဟာ ကာတာလိုနီးယားဒေသမှာ ရှင်သန်ကြီးပြင်းလာမှုတွေကို လွမ်းဆွတ်နေခဲ့တာဖြစ်ပြီး ၂၀၁၃ နွေရာသီမှာ ထိုစဉ်က ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာရဲ့ခေါ်ဆောင်မှုနဲ့ ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်ကို သီယာဂို ရောက်လာပြီးချိန်ကတည်းက ဂျူလီယာလည်း စပိန်ယဉ်ကျေးမှုတွေနဲ့ ဝေးကွာနေရတာပါ။ မြူးနစ်မှာ ၇နှစ်နီးပါးကြာ နေထိုင်ခဲ့ပြီးနောက် အခုတော့ စပိန်မြေကို လွမ်းနေသူလည်း အင်္ဂလန်ကို ရောက်လာပြီး နောက်ထပ်ရေခြားမြေခြားမှာ ချစ်ရသူနဲ့အတူ အချိန်ကာလတစ်ခုအထိ ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။