You are currently offline. Check your connection.

ဒီယက်ဇ်ရဲ့ ကိုလံဘီယာဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဒေသမှ ကမ္ဘာ့ဘောလုံးစင်မြင့်ဆီ လျှောက်လှမ်းခဲ့ရပုံ
430 Views
30th Jul, 2022
လီဗာပူးတောင်ပံတိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်ကတော့ ပွဲစဉ်တိုင်းကို သူရဲ့ကစားသမားဘဝအခက်အခဲများ အပေါ် လက်တုံ့ပြန်နိုင်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် ယူဆတယ်လို့ ထုတ်ပြောလာပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါ်တိုကနေ ပြောင်းရွှေ့ကြေးပေါင် ၃၇.၅ သန်းနဲ့ အန်ဖီးလ်ကလပ်ဆီ ပြောင်းရွှေ့လာတဲ့ အသက် ၂၅ အရွယ်ကစားသမားဟာ မေလကုန်၊ ပဲရစ်မြို့မှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်နိုင်မယ့် အခွင့်အလမ်းတွေ လက်ဝယ်ရရှိလာပါပြီ။