You are currently offline. Check your connection.
နက်နဲလှတဲ့ ဂမ္ဘီရ သမိုင်းရာဇဝင်ရှိခဲ့တဲ့ မိန်းမရဲ သခင်မတောင်တော် သမိုင်းကြောင်း
307 Views
7th Aug, 2023
ဓနုလူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသတစ်ခုဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့ကိုရောက်ရင် သွားလည်စရာနောက်တစ်နေရာကတော့ မိန်းမရဲသခင်မတောင် လို့ ခေါ်တဲ့ နာမည်ဆန်းဆန်းနဲ့ နေရာတစ်ခုပါပဲ။ နာမည်က ထူးခြားသလို တောင်ဘေးပတ်ဝန်းကျင် ရှုခင်းတွေဟာ တကယ့်ကို ရင်သပ်ရှုမော၊ လှပ စိမ်းစိုပြီး တောင်တော်တစ်ခုလုံးဟာလည်း စေတီပုထိုး၊ ဖြူဖြူ သေးသေးလေးတွေနဲ့ ကြည့်ရတာ ထူးဆန်းပြီး မျက်စိပသာဒဖြစ်ရကာ စိတ်ကြည်နူးဖို့ ကောင်းလွန်းလှပါတယ်။