You are currently offline. Check your connection.
နာနီ ကိုယ်တိုင်ပြောတဲ့ သူ့ဘ၀ သူ့ပုံပြင် (အပိုင်း ၄)
824 Views
20th May, 2021
ဒါပေမဲ့ စပို့တင်းလစ္စဘွန်းနဲ့ ထရိန်နင်ဆင်းပြီးချိန်မှာ နည်းပြတစ်ဦးက ကျွန်တော့်ကို လာပြောပါတယ်။ သူက ကျွန်တော်တို့ကျောင်းမှာ ဂျင်မ်ပိုင်းသင်ကြားပေးတဲ့ဆရာပါ။ သူက ကျွန်တော့်ကို စပို့တင်းလစ္စဘွန်းအသင်း ဆက်မခေါ်ထားနိုင်ဘူးလို့ ပြောပါတယ်။ ‘‘ဒါပေမဲ့ တကယ်လို့ မင်းဘက်ကသာ ဆန္ဒရှိရင် ငါတို့နဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ လာရောက်ပူးပေါင်းလို့ရပါတယ်’’လို့ နည်းပြက ပြောပါတယ်။