You are currently offline. Check your connection.
ဝိညာဉ်ခြံစည်းရိုးပင်တွေ ကာရံလျှက် ဒဏ္ဍာရီဆန်ဆန် လှပနေသော ရိဒ်ရေကန်
662 Views
30th Oct, 2020
ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ ၊ ဆန်းပြားသော ယုံကြည်ချက်များနှင့် ထူးခြားချက်များနှင့် ပြည့်နှက်နေသော ရိဒ်ရေကန်ကြီးမှာ ပတ်လည် အကျယ် ၂.၅ မိုင်ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခု ဖြစ်ပါတယ်။ ထိုပတ်လည် အနားတစ်လျှောက်တွင်လည်း ဒေသခံတို့ကဝိညာဉ်ခြံစည်းရိုးပင် ဟုခေါ်ဆိုကြသည့် မိုးမခပင်များက ခြံစည်းရိုး ရှည်ကြီးသဖွယ် သဘာဝ အလျောက် စီတန်းကာ ပေါက်ရောက် နေပြန်ရာ အဆိုပါ မိုးမခ ပင်တန်းကြီးကို ချင်းလူမျိုးတို့က ၎င်းတို့၏ ယုံကြည် ချက်အရ ဝိညာဉ် ခြံစည်း ရိုးဟု ကင်ပွန်း တတ်ထားကြတယ်လို့ သိရှိရပါတယ်။