You are currently offline. Check your connection.

အချစ်ဇာတ်လမ်းနဲ့ နှောင်ကြိုးရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ တာ့ဂျ်မဟာ သမိုင်းကြောင်း
533 Views
26th May, 2022
တာ့ဂျ်မဟာဆိုတာကတော့ အိန္ဒိယနိုင်ငံ အာဂရာမြို့ပြင် အာဂရာခံတပ်ရဲ့ အရှေ့ဘက် ၁မိုင်ခန့်ဝေးတဲ့ လှပသော ဥယျာဉ်တစ်ခုအတွင်းမှာ တည်ရှိပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန်က ကွယ်လွန်ခဲ့ပြီးသော အချစ်မြတ်နိုးဆုံးဇနီး မွန်တာ်မဟာရာ(ဂျ်) အတွက် ရည်စူး တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ တာ့ဂျ်မဟာက မဂိုပညာရှင်ရဲ့ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာ့အလှဆုံး အဆောက်အအုံကြီးလို့ ဆိုကြပါတယ်။