You are currently offline. Check your connection.
ဘောလုံးကွင်းပြင်ပမှ စစ်မှန်တဲ့သူရဲကောင်းများ
573 Views
4th Jul, 2020
ကွင်းထဲမှာဆိုရင် ပဲလေ့စ်တောင်ပံကစားသမား ဇာဟာက ပြိုင်ဘက်ပရိသတ်တွေအတွက် ကြောက်စရာကောင်းသူဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အသင်းပရိသတ်မဆို သူ့ရဲ့ကွင်းပြင်ပ လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ချီးကျူးသင့်တဲ့အကြောင်းအရာတွ အမျာကြီးရှိနေပါတယ်။
ဇာဟာလို လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ပရီးမီးယားလိဂ်ကြယ်ပွင့်က အနည်းငယ်ပဲရှိပြီး ဒီတစ်ပတ်မှာလည်း ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က နွေရာသီကျောင်းပိတ်ရက်မှာလည်း ဆင်းရဲချို့တဲ့တဲ့ ကျောင်းသားကျောင်းသူတွေကို အစားအစာ အခမဲ့ဆက်လက်ထောက်ပံ့ဖို့ အစိုးရကို တိုက်တွန်းမှု အောင်မြင်ခဲ့ပါတယ်။