You are currently offline. Check your connection.

ဝင်ဘလေမှာ အားပြိုင်မယ့် ခြင်္သေ့ပြာနဲ့ ကြိုးကြာနီ
832 Views
26th Feb, 2022
ဒီညမှာတော့ ပရီးမီးယားလိဂ်က ၁ပွဲပဲရှိပြီး ကာရာဘောင်ဖလားဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ကြမယ့် ချဲလ်ဆီးနဲ့ လီဗာပူးတို့ရဲ့အားပြိုင်ပွဲက ပိုမိုကြည့်ကောင်းလာနိုင်ပါတယ်။ လီဗာပူးအနေနဲ့ ၂၀၂၀ ပရီးမီးယားလိဂ်ဖလားရပြီးနောက်ပိုင်း ပထမဆုံးဆုဖလားဖြစ်လာစေရေးအတွက် အသေအချာပြင်ဆင်နေသလို ချဲလ်ဆီးကလည်း ယခုရာသီအတွင်း တတိယမြောက်ဖလားရယူနိုင်ရေးအတွက် အားကုန်ရုန်းကစားလာမှာ သေချာပါတယ်။ ဝင်ဘလေကို ဗဟိုပြုပြီး အားပြိုင်ကြမယ့် ခြင်္သေ့ပြာနဲ့ ကြိုးကြာနီတို့ရဲ့ အားစမ်းပွဲမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကာရာဘောင်ဖလား ဗိုလ်လုပွဲ ================= ချဲလ်ဆီး - လီဗာပူး (ည ၁၁း၀၀) ပရီးမီးယားလိဂ်ပွဲစဉ်(၂၇) ============= ဝက်စ်ဟမ်း - ဝုဗ် (ည ၈း၃၀)